သုံးနိုင်ငံခေတ် (စာစဉ်-၁)

စိုင်းဘုန်းမြင့်ဦး

အခမဲ့
"တုန်ကျိုး"(Dong Zhuo) သည် လင်းထောင်(Lintao) ပြည်နယ်၏ အနောက်မြောက်ပိုင်းတွင် ကြီးပြင်းလာခဲ့သူ ဖြစ်သည်။ ဟယ်တုံးမြို့စားဖြစ်သော "တုန်ကျိုး"(Dong Zhuo) သည် မောက်မာပြီး မာနထောင်လွှားသူ ဖြစ်သည်။ အကယ်၍သာ "လျူဘေ့"(Liu Bei) နှင့် "ကွမ်းယွီ"(Guan Yu) တို့သည် ဒေါသထွက်နေသော "ကျန်းဖေး"(Zhang Fei) ကို မတားခဲ့သော် ထိုနေ့သည် "တုန်ကျိုး"(Dong Zhuo) အတွက် နောက်ဆုံးနေ့ ဖြစ်မည် မုချ။ "လျူဘေ့"(Liu Bei) : “သူက အစိုးရက ခန့်ထားတဲ့ အမှုထမ်းလေ၊ ငါတို့က ဘာမို့လို့ ဆုံးဖြတ်ချက်ချပြီး သတ်ရမှာလဲ” "ကျန်းဖေး"(Zhang Fei) : “ဒီလိုလူမျိုးအောက်မှာ အမှုထမ်းရမှာ ခါးသီးလွန်းလှတယ်။ အစ်ကိုတို့ နေရင် နေခဲ့၊ ကျွန်တော်ကတော့ တခြား နေရာသွားမယ်” "လျူဘေ့"(Liu Bei) : “ငါတို့သုံးယောက်က သေအတူ၊ ရှင်မကွာပဲလေ။ သွားတော့လည်း အတူတူသွားကြတာပေါ့” "လျူဘေ့"(Liu Bei) စကားကိုကြားသော် "ကျန်းဖေး"(Zhang Fei) လည်း ကျေနပ်သွားလေသည်။ ထို့နောက် ညီအစ်ကိုသုံးဦးတို့သည် "ကျန်းဘ"(Zhang Ba) နှင့် တိုက်နေသော "ကျူကျွင်း"(Zhu Jun) ဘက်သို့သွားကာ ကူညီလေသည်။ ထိုအချိန်ဝယ် " ချောင်ချောင်း"(Cao Cao) သည် "ဟွမ်ဖူစုန့်"(Huangfu Song") လက်အောက်တွင်ရှိပြီး ချွီရန်တွင် "ကျန်းလျန့်"(Zhang Liang) ၏ စစ်တပ်နှင့် တိုက်ပွဲအကြီးအကျယ် ဖြစ်နေလေသည်။ "ကျန်းဘ"(Zhang Ba) တွင် တပ်သား ရှစ်သောင်းကျော် ရှိလေသည်။ သူပုန်တို့သည် တောင်ကုန်းတို့၏ အစွန်အဖျားတွင် တပ်စွဲထားကြသည်။ တပ်နှစ်တပ်တို့ ရင်ဆိုင်ကြရာဝယ် "ကျန်းဘ"(Zhang Ba) မှ စစ်ဗိုလ်တစ်ဦး ဖြစ်သော "ကောက်ရှန်း"(Gao Sheng) ကို လွှတ်လိုက်ရာ "လျူဘေ့"(Liu Bei) မှ "ကောက်ရှန်း"(Gao Sheng) ကို "ကျန်းဖေး"(Zhang Fei) နှင့် ရင်ဆိုင်စေသည်။ တစ်ခဏအကြာ စစ်ထိုးပြီးနောက် "ကျန်းဖေး"(Zhang Fei) က "ကောက်ရှန်း"(Gao Sheng) ကို ဒဏ်ရာရစေခဲ့သည်။ ထိုအခါ "လျူဘေ့"(Liu Bei) က တပ်သားများကို ချီတက်ရန် အမိန့်ပေးလိုက်လေသည်။
စိုင်းဘုန်းမြင့်ဦး ရေးသားသော စာအုပ်များ
  • သုံးနိုင်ငံခေတ် (စာစဉ်-၅)
    Free
  • သုံးနိုင်ငံခေတ် (စာစဉ်-၄)
    Free
  • သုံးနိုင်ငံခေတ် (စာစဉ်-၂)
    Free
  • သုံးနိုင်ငံခေတ် (စာစဉ်-၁)
    Free
  • သုံးနိုင်ငံခေတ် (စာစဉ်-၇)
    Free
  • သုံးနိုင်ငံခေတ် (စာစဉ်-၃)
    Free
'ဘာသာပြန် ရသ/သုတ စာပေ' စာအုပ် အမျိုးအစားများ
  • အတုံ့အလှည့်
    600 Ks
  • Resident Evil (Chapter-8)
    100 Ks
  • ရာဇာမည်သောကျား
    600 Ks
  • စာအုပ်သူခိုး
    1500 Ks
  • ဘာကြောင့် ဒီလောက်တုံးနေသလဲ
    600 Ks
  • ကလေးစစ်သား
    600 Ks
App Download
စာအုပ် အမျိုးအစား
စာရေးဆရာများ